﻿၅ ရာဇဝင်.
2.
ဣသရေလ ၏သား များဟူမူကား ၊ ရုဗင် ၊ ရှိမောင် ၊ လေဝိ ၊ ယုဒ ၊ ဣသခါ ၊ ဇာဗုလုန်၊ 
ဒန် ၊ ယောသပ် ၊ ဗင်္ယာမိန် ၊ နဿလိ ၊ ဂဒ် ၊ အာရှာ တည်း။ 
ယုဒ သည် ခါနာန် အမျိုးဖြစ်သော ရှုအာ သမီး တွင် မြင် သော သားကား ဧရ ၊ ဩနန် ၊ ရှေလ တည်း။ ယုဒ သား ကြီးဧရ သည် ထာဝရဘုရား ရှေ့ တော်၌ ဆိုး သောသူဖြစ်၍ ကွပ်မျက် တော်မူခြင်းကို ခံရ၏။ 
ချွေးမ တာမာ တွင် မြင် သောသားကား ဖာရက် နှင့် ဇာရ တည်း။ ယုဒ သား ပေါင်း ကား ငါးယောက်တည်း။ 
ဖာရက် သား ကား ဟေဇရုံ နှင့် ဟာမုလ တည်း။ 
ဇာရ သား ကား ဇိမရိ ၊ ဧသန် ၊ ဟေမန် ၊ ကာလကောလ ၊ ဒါရ ၊ ပေါင်း ငါး ယောက်တည်း။ 
ဇိမရိသားဖြစ်သော ကာမိ ၏သား ကား ကျိန်ဆဲ အပ်သောအရာကို ယူ၍ ပြစ်မှား သဖြင့်၊ ဣသရေလ အမျိုး ကို နှောင့်ရှက် သော အာခန် တည်း။ 
ဧသန် သား ကား အဇရိ တည်း။ 
ဟေဇရုံ မြင် သော သား ကား ယေရမေလ ၊ အာရံ ၊ ကာလက် တည်း။ 
အာရံ သား ကား အမိနဒပ် ၊ အမိနဒပ် သား ကား၊ ယုဒ အမျိုးသား တို့တွင် ဗိုလ် လုပ်သော နာရှုန် တည်း။ 
နာရှုန်သား စာလမုန် ၊ စာလမုန် သား ဗောဇ၊ 
ဗောဇ သား ဩဗက် ၊ ဩဗက် သား ယေရှဲ တည်း။ 
ယေရှဲ သားဦး ကားဧလျာဘ ၊ ဒုတိယ သားအဘိနဒပ် ၊ တတိယ သားရှိမာ၊ 
စတုတ္ထ သား နာသနေလ ၊ ပဉ္ဒမ သား ရဒ္ဒဲ ၊ 
ဆဋ္ဌမ သားဩဇင် ၊ သတ္ထမ သားဧလိဟု၊ အဋ္ဌမသားဒါဝိဒ် တည်း။ 
သူ တို့နှမ ကား ဇေရုယာ နှင့် အဘိဂဲလ တည်း။ ဇေရုယာ သား ကား အဘိရှဲ ၊ ယွာဘ ၊ အာသဟေလ ၊ ပေါင်း သုံး ယောက်တည်း။ 
အဘိဂဲလ သား ကား အာမသ ၊ အာမသ အဘ ကား ဣရှမေလ အမျိုးယေသာ တည်း။ 
ဟေဇရုံ သား ကာလက် သည် မယား အဇုဘ နှင့် ယေရုတ် တွင် မြင်သောသား ကား ယေရှာ ၊ ရှောဗပ် ၊ အာဒုန် တည်း။ 
အဇုဘ သေ သောနောက် ဧဖရတ် ကို သိမ်း ၍ ဟုရ ကို မြင် ပြန်လေ၏။ 
ဟုရ သား ကား ဥရိ ၊ ဥရိ သား ကား ဗေဇလေလ တည်း။ 
ထိုနောက် ၊ ဟေဇရုံ သည် အသက် ခြောက် ဆယ်ရှိသော်၊ ဂိလဒ် အဘ မာခိရ ၏သမီး နှင့် စုံဘက် ၍ စေဂုပ် ကို မြင် လေ၏။ 
စေဂုပ် သား ကား ယာဣရ တည်း။ ထိုသူသည် ဂိလဒ် ပြည် ၌ မြို့ နှစ် ဆယ်သုံး မြို့ကို ပိုင်၏။ 
ဂေရှုရ မြို့၊ အာရံ မြို့နှင့်တကွယာဣရ မြို့စု ၊ ကေနတ် မြို့နှင့် ပတ်ဝန်းကျင်သော မြို့စုမြို့ပေါင်း ခြောက် ဆယ်တို့ကို တိုက်ယူ ၏။ ထို မြို့ အပေါင်း တို့ကို ဂိလဒ် အဘ မာခိရ ၏သား မြေးတို့သည် ပိုင်ကြ၏။ 
ဟေဇရုံ သည်ကာလက်ဧဖရတ် မြို့၌ သေ သောနောက် ၊ သူ၏မယား အဘိ သည် သူ၏သား အာရှုရ ကို ဘွားမြင် ၏။ အာရှုရသား ကားတေကော တည်း။ 
ဟေဇရုံ ၏ သားဦး ယေရမေလ သား ကား သားဦး အာရံ မှစ၍ဗုန ၊ ဩရင် ၊ ဩဇင် ၊ အဟိယ တည်း။ 
အာတရ အမည် ရှိသောအခြား မယား တွင် ဩနံ ကိုမြင်၏။ 
ယေရမေလ ၏ သားဦး အာရံ သား ကားမာဇ ၊ ယာမိန် ၊ ဧကာ တည်း။ 
ဩနံ သား ကားရှမ္မဲ နှင့် ယာဒ တည်း။ ရှမ္မဲ သား ကားနာဒပ် နှင့် အဘိရှုရ တည်း။ 
အဘိဟဲလ အမည် ရှိသောအဘိရှုရ မယား သည် အာဗန် နှင့် မောလိဒ် ကို ဘွားမြင် ၏။ 
နာဒပ် သား ကား သေလက် နှင့် အပ္ပိမ် တည်း။ သေလက် ၌သား မ ရှိ။ 
အပ္ပိမ် သား ကား ဣရှိ ၊ ဣရှိ သား ရှေရန် ၊ ရှေရှန် သား အာလဲ တည်း။ 
ရှမ္မဲ ညီ ယာဒ သား ကား ယေသာ နှင့် ယောနသန် တည်း။ ယေသာ ၌ သား မ ရှိ။ 
ယောနသန် သား ကား ပေလက် နှင့် ဇာဇ တည်း။ ဤရွေ့ကား ယေရမေလ အမျိုးအနွယ် တည်း။ 
ရှေရှန် ၌ သား မ ရှိ။ သမီး သက်သက် ရှိ၏။ ရှေရှန် ၌ ယာဟ အမည် ရှိသောအဲဂုတ္တု အမျိုးသားကျွန် ယောက်ျားတယောက်ရှိ၍၊ 
ထိုကျွန်နှင့်သမီး တယောက်ကို ပေးစား သဖြင့် ၊ သမီးသည် အဘဘို့သားအတ္တဲ ကို ဘွားမြင် ၏။ 
အတ္တဲ သား ကားနာသန် ၊ နာသန် သား ဇာဗဒ်။ 
ဇာဗဒ် သား ဧဖလလ ၊ ဧဖလလ သား ဩဗက်၊ 
ဩဗက် သား ယေဟု၊ ယေဟု သား အာဇရိ တည်း။ 
အာဇရိ သား ကား ဟေလက် ၊ ဟေလက် သား ဧလာသ၊ 
ဧလာသ သား သိသမဲ ၊ သိသမဲ သား ရှလ္လုံ၊ 
ရှလ္လုံ သား ယေကမိ ၊ ယေကမိ သား ဧလိရှမာ တည်း။ 
ယေရမေလ ၏ညီ ကာလက် သားဦး ကား မေရှ ၊ မေရှသားဇိဖ ၊ ဇိဖသားမရေရှ ၊ မရေရှသား ဟေဗြုန်၊ 
ဟေဗြုန် သား ကောရ ၊ တာပွါ ၊ ရေကင် ၊ ရှေမ တည်း။ 
ရှေမ သား ကားရာဟံ ၊ ရာဟံသားယော်ကောင် တည်း။ ရေကင် သား ကား ရှမ္မဲ၊ 
ရှမ္မဲ သား မောန ၊ မောန သားဗက်ဇုရ တည်း။ 
ကာလက် မယားငယ် သည် လည်း ဟာရန် ၊ မောဇ ၊ ဂါဇက် တို့ကို ဘွားမြင် ၏။ ဟာရန် သား ကား ယာဒဲ တည်း။ 
ယာဒဲ သား ကားရေဂင် ၊ ယောသံ ၊ ဂေရှံ ၊ ပေလက် ၊ ဧဖာ ၊ ရှာဖ တည်း။ 
ကာလက် မယားငယ် မာခါ သည်လည်း၊ ရှေဗာ နှင့် တိရဟာန ကို၎င်း၊ 
မာဒမေန အဘ ရှာဖ ၊ မာခဗေန အဘ ရှေဝ ၊ ဂိအာ အဘ ကို၎င်း ဘွားမြင် ၏။ ကာလက် သမီး ကား အာခသ တည်း။ 
ဧဖရတ် သားဦး ဟုရ ၏သား ဖြစ် သော ကာလက် သား ကား၊ ကိရယတ်ယာရိမ် အဘ ရှောဗာလ၊ 
ဗက်လင် အဘ စလမ ၊ ဗက်ဂါဒါ အဘ ဟာရပ် တည်း။ 
ကိရယတ်ယာရိမ် အဘ ရှောဗာလ သား ဟူမူကား ၊ ဟာရော နှင့်မနဟေသိ အမျိုးတပိုင်း၊ 
ကိရယတ်ယာရိမ် အမျိုးမျိုး ၊ ဣသရိ လူ၊ ဖုဟိ လူ၊ ရှုမသိ လူ၊ မိရှရိ လူတည်း။ ထို အမျိုးထဲက ဇာရာသိ လူနှင့် ဧရှတောလိ လူဖြစ်သတည်း။ 
စလမ သား ဟူမူကား၊ ဗက်လင် နှင့် နေတောဖာသိ လူ၊ အတရုတ် ၊ ဗက်ယွာဘ၊ မနဟေသိ အမျိုးတပိုင်း ၊ ဇောရိ လူ၊ 
ယာဗက် မြို့၌နေ သောရှောဖရိလူ၊ တိရသိ လူ၊ ရှိမသိ လူ၊ စုခသိ လူတည်း။ ထိုသူ တို့သည် ရေခပ် အမျိုး ၏ အဘ ဟေမတ် မှ ဆင်းသက် သော ကိနိ အမျိုးဖြစ်သတည်း။ 
