﻿၅ ရာဇဝင်.
8.
ဗင်္ယာမိန် သားဦး ကား ဗေလ ၊ ဒုတိယ သား အာရှဗေလ ၊ တတိယ သားအဟိရံ၊ 
စတုတ္ထ သား နောဟ ၊ ပဉ္စမ သား ရာဖ တည်း။ 
ဗေလ သား ကား အဒ္ဒါ ၊ ဂေရ ၊ အဘိဟုဒ်၊ 
အဘိရွှ ၊ နေမန် ၊ အာဟော၊ 
ဂေရာ ၊ ရှေဖုဖံ ၊ ဟုရံ တည်း၊ 
မာနဟက် မြို့သို့ နေရာ ပြောင်းသော ဂေဗ မြို့သား အဆွေအမျိုးသူကြီး ဖြစ်သော ဧဟုဒ် သား ကား၊ နေမန် ၊ အဟိယ ၊ ဂေရ တည်း။ 
နေရာ ပြောင်းသောနောက်၊ ဩဇ နှင့် အဟိဟုဒ် ကိုလည်း မြင် ၏။ 
ရှဟာရိမ် သည် မယား ဟုရှိမ် နှင့် ဗာရာ ကိုစွန့် ပြီးမှ၊ မောဘ ပြည် ၌ နေ၍၊ 
မယား ဟောဒေရှ တွင် ယောဗပ် ၊ ဇိဘိ ၊ မေရှ ၊ မာလခံ၊ 
ယုဇ ၊ ရှာခိ ၊ မိရမ တို့ကို မြင် ၍ ၊ ဤ သူတို့သည် အဆွေအမျိုး သူကြီး ဖြစ်ကြ၏။ 
အရင်မယား ဟုရှိမ် တွင် ၊ အဘိတုပ် နှင့် ဧလပါလ ကို မြင် ၏။ 
ဧလပါလ သား ကား ဧဗာ ၊ မိရှဟံ ၊ ရှာမက် တည်း။ ရှာမက်သည် ဩနော မြို့၊ လောဒ မြို့နှင့် ကျေးလက် များကို ပြုစု သောသူဖြစ်၏။ 
ဗေရိယ နှင့် ရှေမ တို့သည် ဂါသ မြို့သား တို့ကို နှင်ထုတ် သော အာဇလုန် မြို့သား အဆွေအမျိုးသူကြီး ဖြစ်ကြ၏။ 
ထိုမှတပါး ၊ အဟိဩ ၊ ရှာရှက် ၊ ယေရိမုတ်၊ 
ဇေဗဒိ ၊ အာရဒ် ၊ အာဒါ၊ 
မိက္ခေလ ၊ ဣရှပ ၊ ယောဟ တို့သည် ဗေရိယ သား ဖြစ်ကြ၏။ 
ဇေဗဒိ ၊ မေရှုလံ ၊ ဟေဇကိ ၊ ဟေဗာ၊ 
ဣရှမေရဲ ၊ ယေဇလိ ၊ ယောဗပ် တို့သည် ဧလပါလ သား တည်း။ 
ယာကိမ် ၊ ဇိခရိ ၊ ဇာဗဒိ၊ 
ဧလျေနဲ ၊ ဇိလသဲ ၊ ဧလေလ၊ 
အဒါယ ၊ ဗေရာယ ၊ ရှိမရတ် တို့သည် ရှိမဟိ သား တည်း။ 
ဣရှပန် ၊ ဟေဗာ ၊ ဧလေလ၊ 
အာဗဒုန် ၊ ဇိခရိ ၊ ဟာနန်၊ 
ဟာနနိ ၊ ဧလံ ၊ အန္တောသိယ၊ 
ဣဖဒိယ ၊ ပေနွေလ တို့သည် ရှာရှက် သား တည်း။ 
ရှံရှရဲ ၊ ရှေဟာရိ ၊ အာသလိ၊ 
ယာရရှိ ၊ ဧလိယ ၊ ဇိခရိ တို့သည် ယေရောဟံ သား တည်း။ 
ဤ သူတို့သည် ယေရုရှလင် မြို့မှာ နေ ၍၊ အစဉ်အဆက် အဆွေအမျိုးသူကြီး မင်းဖြစ်ကြ၏။ 
ဂိဗောင် မြို့မှာ ဂိဗေါင် အဘ ယေဟေလနေ ၏။ သူ ၏မယား ကား မာခါ အမည် ရှိ၏။ 
သူ ၏သားဦး ကား အာဗဒုန် ၊ သူ၏ညီကား ဇုရ ၊ ကိရှ ၊ ဗာလ ၊ နေရ၊ နာဒပ်၊ 
ဂေဒေါ် ၊ အဟိဩ ၊ ဇာခရိ ၊ မိကလုတ် တည်း။ 
မိကလုပ်သားကား ရှိမံ တည်း။ ဤသူ တို့သည် ယေရုရှလင် မြို့ မှာ ညီအစ်ကို စုအနား ၊ တဘက်တချက်၌ နေရာ ကျကြ၏။ 
နေရ သား ကားကိရှ ၊ ကိရှသား ရှောလု ၊ ရှောလု သား ယောနသန် ၊ မေလခိရွှ ၊ အဘိနာဒပ် ၊ ဣရှဗာလ တည်း။ 
ယောနသန် သား ကား မေရိဗ္ဗာလ ၊ မေရိဗ္ဗာလ သား မိက္ခါ၊ 
မိက္ခါ သား ပိသုန် ၊ မေလက် ၊ တာရာ ၊ အာခတ် တည်း။ 
အာခတ် သား ကား ယာရ ၊ ယာရ သား အာလမက် ၊ အာဇမာဝက် ၊ ဇိမရိ တည်း၊ ဇိမရိ သား ကား မောဇ ၊ 
မောဇ သား ဗိနာ ၊ ဗိနာသား ရေဖာယ ၊ ရေဖာယ သား ဧလာသ ၊ ဧလာသသား အာဇေလ၊ 
အာဇေလ သား ခြောက် ယောက်အမည် ကား အာဇရိကံ ၊ ဗောခေရု ၊ ဣရှမေလ ၊ ရှရိယ ၊ ဩဗဒိ ၊ ဟာနန် တည်း။ 
အာဇေလ ညီ ဧရှက် သားဦး ကား ဥလံ ၊ ဒုတိယ သား ယေဟုတ် ၊ တတိယ သား ဧလိဖလက် တည်း။ 
ဥလံ သား တို့သည် ခွန်အား ကြီးသော လေး သူရဲ ဖြစ် ကြ၏။ သား မြေး များ ၍ ပေါင်း တရာ ငါး ဆယ်ရှိကြ၏။ ဤရွေ့ကား ၊ ဗင်္ယာမိန် သားစဉ် မြေးဆက်ဖြစ်သတည်း။ 
