﻿ဧဇရမှတ်စာ.
2.
- 
ဗာဗုလုန် ရှင်ဘုရင် နေဗုခဒ်နေဇာ သည်၊ ဗာဗုလုန် မြို့သို့ သိမ်းသွားသောလူစုထဲက ထွက် ၍ ဇေရုဗဗေလ ၊ ယောရှု ၊ နေဟမိ ၊ သရာယ ၊ ရေလာယ ၊ မော်ဒကဲ ၊ ဗိလရှန် ၊ မိဇပါ ၊ ဗိဂဝဲ ၊ ရေဟုံ ၊ ဗာနာ တို့နှင့်အတူ လိုက်လာ ၍၊ ယေရုရှလင် မြို့အစရှိသောယုဒ ပြည်၌အသီးအသီး ဆိုင်သောမြို့ရွာ သို့ ရောက်သောနိုင်ငံတော်သားဣသရေလ လူ စာရင်း ဟူမူကား၊ 
ပါရုတ် အမျိုးသား နှစ် ထောင်တရာ ခုနစ် ဆယ် နှစ် ယောက်၊ 
ရှေဖတိ အမျိုးသား သုံး ရာ ခုနစ် ဆယ်နှစ် ယောက်၊ 
အာရာ အမျိုးသား ခုနစ် ရာ ခုနစ် ဆယ်ငါး ယောက်၊ 
ပါဟတ် မောဘအမျိုး ၊ ယောရှု ယွာဘ အမျိုးသား နှစ် ထောင်ရှစ် ရာ တဆယ် နှစ် ယောက်၊ 
ဧလံ အမျိုးသား တထောင် နှစ် ရာငါး ဆယ် လေး ယောက်၊ 
ဇတ္တု အမျိုးသား ကိုး ရာ လေး ဆယ်ငါး ယောက်၊ 
ဇက္ခဲ အမျိုးသား ခုနစ် ရာ ခြောက် ဆယ်၊ 
ဗာနိ အမျိုးသား ခြောက် ရာ လေး ဆယ်နှစ် ယောက်၊ 
ဗေဗဲ အမျိုးသား ခြောက် ရာ နှစ် ဆယ်သုံး ယောက်၊ 
အာဇဂဒ် အမျိုးသား တ ထောင်နှစ် ရာနှစ် ဆယ်နှစ် ယောက်၊ 
အဒေါနိကံ အမျိုးသား ခြောက် ရာ ခြောက် ဆယ်ခြောက် ယောက်၊ 
ဗိဂဝဲ အမျိုးသား နှစ် ထောင်ငါး ဆယ်ခြောက် ယောက်၊ 
အာဒိန် အမျိုးသား လေး ရာ ငါး ဆယ်လေး ယောက်၊ 
ဟေဇကိ နှင့် အာတာ အမျိုးသား ကိုး ဆယ်ရှစ် ယောက်၊ 
ဗေဇဲ အမျိုးသား သုံး ရာ နှစ် ဆယ်သုံး ယောက်၊ 
ယောရ အမျိုးသား တရာ တဆယ် နှစ် ယောက်၊ 
ဟာရှုံ အမျိုးသား နှစ် ရာနှစ် ဆယ်သုံး ယောက်၊ 
ဂိဗ္ဗာ အမျိုးသား ကိုး ဆယ်ငါး ယောက်၊ 
ဗက်လင် မြို့သား တရာ နှစ် ဆယ်သုံး ယောက်၊ 
နေတောဖ မြို့သား ငါး ဆယ်ခြောက် ယောက်၊ 
အာနသုတ် မြို့သား တရာ နှစ် ဆယ်ရှစ် ယောက်၊ 
အာဇမာဝက် မြို့သား လေး ဆယ်နှစ် ယောက်၊ 
ကိရယသာရိမ် မြို့၊ ခေဖိရ မြို့၊ ဗေရုတ် မြို့သား ခုနစ် ရာ လေး ဆယ်သုံး ယောက်၊ 
ရာမ မြို့၊ ဂါဘ မြို့သား ခြောက် ရာ နှစ် ဆယ်တ ယောက်၊ 
မိတ်မတ် မြို့သား တရာ နှစ် ဆယ်နှစ် ယောက်၊ 
ဗေသလ မြို့၊ အာဣ မြို့သား နှစ် ရာနှစ် ဆယ်သုံး ယောက်၊ 
နေဗော မြို့သား ငါး ဆယ်နှစ် ယောက်၊ 
မာဂဗိတ် မြို့သား တရာ ငါး ဆယ်ခြောက် ယောက်၊ 
အခြား သော ဧလံ မြို့သား တ ထောင်နှစ် ရာငါး ဆယ်လေး ယောက်၊ 
ဟာရိမ် မြို့သား သုံး ရာ နှစ် ဆယ်၊ 
လောဒ မြို့၊ ဟာဒိဒ် မြို့၊ ဩနော မြို့သား ခုနစ် ဆယ်ငါး ယောက်၊ 
ယေရိခေါ မြို့သား သုံး ရာ လေး ဆယ်ငါး ယောက်၊ 
သေနာ မြို့သား သုံး ထောင် ခြောက် ရာ သုံး ဆယ်တည်း။ 
ယဇ်ပုရောဟိတ် စာရင်းဟူမူကား၊ ယောရှု အမျိုး ထဲက ၊ ယေဒါယ အမျိုးသား ကိုး ရာ ခုနစ် ဆယ်သုံး ယောက်၊ 
ဣမေရ အမျိုးသား တ ထောင်ငါး ဆယ်နှစ် ယောက်၊ 
ပါရှုရ အမျိုးသား တ ထောင်နှစ် ရာလေး ဆယ်ခုနစ် ယောက်၊ 
ဟာရိမ် အမျိုးသား တ ထောင်တဆယ် ခုနစ် ယောက်တည်း။ 
လေဝိ သားစာရင်းဟူမူကား၊ ဟောဒဝိ အမျိုး ထဲက ယောရှု အမျိုး နှင့် ကာဒမေလ အမျိုးသားခုနစ် ဆယ်လေး ယောက်၊ 
သီချင်း သည် အာသပ် အမျိုးသား တရာ နှစ် ဆယ် ရှစ် ယောက်၊ 
တံခါး စောင့်အမျိုးသား တည်းဟူသောရှလ္လုံ အမျိုးသား ၊ အာတာ အမျိုးသား ၊ တာလမုန် အမျိုးသား ၊ အက္ကုပ် အမျိုးသား ၊ ဟတိတ အမျိုးသား ၊ ရှောဗဲ အမျိုးသား အပေါင်း တရာ သုံး ဆယ်ကိုး ယောက်တည်း။ 
ဘုရား ကျွန်ခံသူ၊ ဇိဟ အမျိုးသား ၊ ဟသုဖ အမျိုးသား ၊ တဗ္ဗောက် အမျိုးသား၊ 
ကေရုတ် အမျိုးသား ၊ သယာဟ အမျိုးသား ၊ ပါဒုန် အမျိုးသား၊ 
လေဗန အမျိုးသား ၊ ဟာဂဘ အမျိုးသား ၊ အက္ကုပ် အမျိုးသား၊ 
ဟာဂပ် အမျိုးသား ၊ ရှာလမဲ အမျိုးသား ၊ ဟာနန် အမျိုးသား၊ 
ဂိဒ္ဒေလ အမျိုးသား ၊ ဂါဟာ အမျိုးသား ၊ ရာယ အမျိုးသား၊ 
ရေဇိန် အမျိုးသား ၊ နေကောဒ အမျိုးသား ၊ ဂဇ္ဇမ် အမျိုးသား၊ 
ဩဇ အမျိုးသား ၊ ပါသာ အမျိုးသား ၊ ဗေသဲ အမျိုးသား၊ 
အာသနာ အမျိုးသား ၊ မဟုနိမ် အမျိုးသား ၊ နဖုသိမ် အမျိုးသား၊ 
ဗာကဗုတ် အမျိုးသား ၊ ဟကုဖ အမျိုးသား ၊ ဟာရဟုရ အမျိုးသား၊ 
ဗာဇလုပ် အမျိုးသား ၊ မဟိဒ အမျိုးသား ၊ ဟရရှ အမျိုးသား၊ 
ဗာကုတ် အမျိုးသား ၊ သိသရ အမျိုးသား ၊ သာမ အမျိုးသား၊ 
နေဇိ အမျိုးသား ၊ ဟတိဖ အမျိုးသား တည်း။ 
ရှောလမုန် ၏ အစေခံ ကျွန်၊ သောတဲ အမျိုးသား ၊ သောဖရက် အမျိုးသား ၊ ပေရုဒ အမျိုးသား၊ 
ယာလ အမျိုးသား ၊ ဒါကုန် အမျိုးသား ၊ ဂိဒ္ဒေလ အမျိုးသား၊ 
ရှေဖတိ အမျိုးသား ၊ ဟတ္တိလ အမျိုးသား ၊ ပေါခရက် အမျိုးသား ၊ ဇေဗိမ်အမျိုးသား၊ အာမိ အမျိုးသား တည်း။ 
ဘုရား ကျွန်နှင့် ရှောလမုန် ကျွန် ပေါင်း ကား၊ သုံး ရာ ကိုး ဆယ်နှစ် ယောက်တည်း။ 
ထိုမှတပါး၊ ဣသရေလ အမျိုး မှန်သည်မမှန်သည်ကို၎င်း၊ မိမိ တို့ အဆွေ အမျိုးကို၎င်း၊ မ ပြ နိုင် ဘဲ တေလမေလ မြို့၊ တေလဟာသ မြို့၊ ခေရုပ် မြို့၊ အဒ္ဒန် မြို့၊ ဣမေရ မြို့မှ ထွက်သွား သောသူဟူမူကား၊ 
ဒေလာယ အမျိုးသား ၊ တောဘိ အမျိုးသား ၊ နေကောဒ အမျိုးသား ပေါင်း ခြောက် ရာ ငါး ဆယ် နှစ် ယောက်တည်း။ 
ယဇ်ပုရောဟိတ် အမျိုး ထဲက ဟဗာယ အမျိုးသား ၊ ကောဇအမျိုးသား ၊ ဂိလဒ် ပြည်သားဗာဇိလဲ သမီး တယောက်နှင့် စုံဘက် ၍၊ ယောက္ခမအမည် ကိုရသော ဗာဇိလဲ အမျိုးသား တို့သည်၊ 
စာရင်းဝင်သောလူစုတွင် မိမိ တို့စာရင်း ကို ရှာ ၍ မ တွေ့ သောကြောင့် ၊ အမျိုးမစစ်၊ ယဇ် ပုရောဟိတ်အရာကိုမခံရကြ။ 
ဥရိမ် နှင့် သုမိမ် ပါသောယဇ်ပုရောဟိတ် မပေါ် မှီတိုင်အောင် သူတို့သည်အလွန်သန့်ရှင်း သောအရာတို့ကို မ စား ရဟု ပြည်အုပ် မင်းစီရင် ၏။ 
ပရိသတ် ပေါင်း ကား လေး သောင်း နှစ် ထောင်သုံး ရာ ခြောက် ဆယ်တည်း။ 
ထို မှတပါး၊ ကျွန် ယောက်ျား၊ ကျွန် မိန်းမပေါင်း ခုနစ် ထောင် သုံး ရာ သုံး ဆယ်ခုနစ် ယောက်၊ သီချင်း သည် ယောက်ျား မိန်းမ ပေါင်းနှစ် ရာ၊ 
မြင်း ပေါင်း ခုနစ် ရာ သုံး ဆယ်ခြောက် စီး၊ လား ပေါင်း နှစ် ရာလေး ဆယ်ငါး စီး၊ 
ကုလားအုပ် ပေါင်းလေး ရာ သုံး ဆယ်ငါး စီး၊ မြည်း ပေါင်းခြောက် ထောင် ခုနစ် ရာ နှစ် ဆယ်တည်း။ 
အဆွေအမျိုးသူကြီး အချို့တို့သည် ယေရုရှလင် မြို့ ဗိမာန် တော်သို့ ရောက် သောအခါ ၊ ဗိမာန်တော် ကို မိမိ နေရာ ၌ တည် ဆောက်ခြင်းငှါ၊ 
တတ် နိုင်သမျှအတိုင်း အလိုလို လှူ၍၊ ရွှေ ဒင်္ဂါး ခြောက် သောင်း တ ထောင်၊ ငွေ အခွက် ငါး သောင်း၊ ယဇ်ပုရောဟိတ် အဝတ် အစုံတရာ ကို ဘဏ္ဍာ တော်ထဲ သို့ သွင်း ကြ၏။ 
ထိုသို့ ယဇ်ပုရောဟိတ် ၊ လေဝိ သား၊ သာမည လူ အချို့၊ သီချင်း သည်၊ တံခါး စောင့်၊ ဘုရား ကျွန်တို့သည် မိမိ တို့နေရာမြို့ ရွာတို့၌ ၎င်း၊ ဣသရေလ ပြည်သူပြည်သားအပေါင်း တို့သည် မိမိ တို့နေရာမြို့ ရွာတို့၌ ၎င်း နေရာ ကျ ကြ၏။ 
