﻿နေဟမိမှတ်စာ.
7.
မြို့ရိုး ကို လက်စသတ် သောအခါ ၊ ငါသည် တံခါး တို့ကို ထူ ထောင်၍ တံခါး စောင့်၊ သီချင်း သည်၊ လေဝိ သားတို့ကို ခန့် ထားပြီးမှ၊ 
သစ္စာ ရှိ၍ ဘုရား သခင်ကို အထူး သဖြင့်ရိုသေ သော ရဲတိုက် မှူး ဟာနနိ နှင့် ငါ့ ညီ ဟာနန် တို့၌ ယေရုရှလင် မြို့ကို အပ် လျက်၊ 
နေ မ ထွက် မှီ ယေရုရှလင် မြို့တံခါး တို့ကို မ ဖွင့် စေနှင့်။ တံခါးစောင့် ရှိ စဉ်၊ တံခါး တို့ကို ပိတ် ၍ ကန့်လန့်ကျင် ထိုးစေ။ မြို့သူမြို့သားတို့သည် အသီးအသီးမိမိတို့အရပ် မိမိ တို့အိမ် တစ်ဘက်တချက် ၌ ကင်း စောင့်စေဟု စီရင် ၏။ 
အကြောင်း မူကား၊ မြို့ သည် ကျယ်ဝန်း သော်လည်း နေသောသူနည်း ၍ အိမ် များတို့ကို မ တည် မဆောက်ကြသေး။ 
ထိုအခါ မှူးမတ် ၊ မင်း အရာရှိ၊ ဆင်းရဲသားတို့ကို အဆွေ အမျိုးအလိုက် စာရင်းယူခြင်းငှါ စုဝေး စေမည် အကြံကို ငါ ၏ဘုရား သခင်သည် ငါ့ စိတ် နှလုံးထဲ သို့ သွင်းပေး တော်မူ၏။ 
- 
တဖန် ငါတွေ့ သောစာရင်း တည်းဟူသော၊ ရှေ့ဦးစွာ ရောက်လာ သောသူတို့၏အဆွေအမျိုး စာရင်းချက်ဟူမူကား၊ ဗာဗုလုန် ရှင်ဘုရင် နေဗုခဒ်နေဇာ သည် ဗာဗုလုန်မြို့သို့သိမ်းသွား ခြင်းကိုခံရသောလူစုထဲက ထွက် ၍ ဇေရုဗဗေလ ၊ ယောရှု ၊ နေဟမိ ၊ အာဇရိ ၊ ရာမိ ၊ နာဟမာနိ ၊ မော်ဒကဲ ၊ ဗိလရှန် ၊ မိဇပေရက် ၊ ဗိဂဝဲ ၊ နေဟုံ ၊ ဗာနာ တို့နှင့်အတူ လိုက်လာ ၍ ယေရုရှလင် မြို့အစရှိသောယုဒ ပြည်၌ အသီးအသီး ဆိုင်သောမြို့ရွာ သို့ ရောက် သောနိုင်ငံတော်သား ၊ ဣသရေလ လူ စာရင်း ဟူမူကား၊ 
ပါရုတ် အမျိုးသား နှစ် ထောင်တရာ ခုနစ် ဆယ် နှစ် ယောက်၊ 
ရှေဖတိ အမျိုးသား သုံး ရာ ခုနစ် ဆယ်နှစ် ယောက်၊ 
အာရာ အမျိုးသား ခြောက် ရာ ငါး ဆယ်နှစ် ယောက်၊ 
ပါဟတ်မောဘ အမျိုး ၊ ယောရှု နှင့် ယွာဘ အမျိုးသား နှစ် ထောင်ရှစ် ရာ တဆယ် ရှစ် ယောက်၊ 
ဧလံ အမျိုးသား တ ထောင်နှစ် ရာငါး ဆယ်လေး ယောက်၊ 
ဇတ္တု အမျိုးသား ရှစ် ရာ လေး ဆယ်ငါး ယောက်၊ 
ဇက္ခဲ အမျိုးသား ခုနစ် ရာ ခြောက် ဆယ်၊ 
ဗိနွိ အမျိုးသား ခြောက် ရာ လေး ဆယ်ရှစ် ယောက်၊ 
ဗေဗဲ အမျိုးသား ခြောက် ရာ နှစ် ဆယ်သုံးယောက်၊ 
အာဇဂဒ် အမျိုးသား တ ထောင်သုံး ရာ နှစ် ဆယ် နှစ် ယောက်၊ 
အဒေါနိကံ အမျိုးသား ခြောက် ရာ ခြောက် ဆယ်ခုနစ် ယောက်၊ 
ဗိဂဝဲ အမျိုးသား နှစ် ထောင်ငါးဆယ်ခုနစ် ယောက်၊ 
အာဒိန် အမျိုးသား ခြောက် ရာ ငါး ဆယ်ငါး ယောက်၊ 
ဟေဇကိ နှင့် အာတာ အမျိုးသား ကိုး ဆယ်ရှစ် ယောက်၊ 
ဟာရှုံ အမျိုးသား သုံး ရာ နှစ် ဆယ်ရှစ် ယောက်၊ 
ဗေဇဲ အမျိုးသား သုံး ရာ နှစ် ဆယ်လေး ယောက်၊ 
ဟာရိပ် အမျိုးသား တရာ တဆယ် နှစ် ယောက်၊ 
ဂိဗောင် အမျိုးသား ကိုး ဆယ်ငါး ယောက်၊ 
ဗက်လင် မြို့၊ နေတောဖ မြို့သား တရာ ရှစ် ဆယ် ရှစ် ယောက်၊ 
အာနသုတ် မြို့သား တရာ နှစ် ဆယ်ရှစ် ယောက်၊ 
ဗေသာဇမာဝက် မြို့သား လေး ဆယ်နှစ် ယောက်၊ 
ကိရယတ်ယာရိမ် မြို့၊ ခေဖိရ မြို့၊ ဗေရုတ် မြို့သား ခုနစ် ရာ လေး ဆယ်သုံး ယောက်၊ 
ရာမ မြို့၊ ဂါဗ မြို့သား ခြောက် ရာ နှစ် ဆယ် တ ယောက်၊ 
မိတ်မတ် မြို့သား တရာ နှစ် ဆယ်နှစ် ယောက်၊ 
ဗေသလ မြို့၊ အာဣ မြို့သား တရာ နှစ် ဆယ်သုံး ယောက်၊ 
အခြား သော နေဗော မြို့သား ငါး ဆယ်နှစ် ယောက်၊ 
အခြား သော ဧလံ မြို့သား တ ထောင်နှစ် ရာငါး ဆယ်လေး ယောက်၊ 
ဟာရိမ် မြို့သား သုံး ရာ နှစ် ဆယ်၊ 
ယေရိခေါ မြို့သား သုံး ရာ လေး ဆယ်ငါး ယောက်၊ 
လောဒ မြို့၊ ဟာဒိဒ် မြို့၊ ဩနော မြို့သား ခုနစ် ရာ နှစ် ဆယ်တ ယောက်၊ 
သောနာ မြို့သား သုံး ထောင် ကိုး ရာ သုံး ဆယ် တည်း။ 
ယဇ်ပုရောဟိတ် စာရင်းဟူမူကား၊ ယောရှု အမျိုး ထဲက ယေဒါယ အမျိုးသား ကိုး ရာ ခုနစ် ဆယ်သုံး ယောက်၊ 
ဣမေရ အမျိုးသား တ ထောင်ငါး ဆယ်နှစ် ယောက်၊ 
ပါရှုရ အမျိုးသား တ ထောင်နှစ် ရာလေး ဆယ်ခုနစ် ယောက်၊ 
ဟာရိမ် အမျိုးသား တ ထောင် တဆယ် ခုနစ် ယောက်တည်း။ 
လေဝိ သားစာရင်းဟူမူကား၊ ဟောဒေဝ အမျိုး ထဲက ယောရှု အမျိုး နှင့် ကာဒမေလ အမျိုးသားခုနစ် ဆယ် လေး ယောက်၊ 
သီချင်း သည်၊ အာသပ် အမျိုးသား တရာ လေး ဆယ် ရှစ် ယောက်၊ 
တံခါး စောင့် ရှလ္လုံ အမျိုးသား ၊ အာတာ အမျိုးသား ၊ တာလမုန် အမျိုးသား ၊ အက္ကုပ် အမျိုးသား ၊ ဟတိတ အမျိုးသား ၊ ရှောဗဲ အမျိုးသား ပေါင်း တရာ သုံး ဆယ်ရှစ် ယောက်တည်း။ 
ဘုရား ကျွန်ခံသူ၊ ဇိဟ အမျိုးသား ၊ ဟသုဖ အမျိုးသား ၊ တဗ္ဗောက် အမျိုးသား၊ 
ကေရုတ် အမျိုးသား ၊ သယ အမျိုးသား ၊ ပါဒုန် အမျိုးသား၊ 
လေဗန အမျိုးသား ၊ ဟာဂဗ အမျိုးသား ၊ ရှာလမဲ အမျိုးသား၊ 
ဟာနန် အမျိုးသား ၊ ဂိဒ္ဒေလ အမျိုးသား ၊ ဂါဟာ အမျိုးသား၊ 
ရာယ အမျိုးသား ၊ ရေဇိန် အမျိုးသား ၊ နေကောဒ အမျိုးသား၊ 
ဂဇ္ဇမ် အမျိုးသား ၊ ဩဇ အမျိုးသား ၊ ပါသာ အမျိုးသား၊ 
ဗေသဲ အမျိုးသား ၊ မုနိမ် အမျိုးသား ၊ နေဖိရှေသိမ် အမျိုးသား၊ 
ဗာကဗုတ် အမျိုးသား ၊ ဟာကုဖ အမျိုးသား ၊ ဟာရဟုရ အမျိုးသား၊ 
ဗာဇလိတ် အမျိုးသား ၊ မေဟိဒ အမျိုးသား ၊ ဟာရရှ အမျိုးသား၊ 
ဗာရကုတ် အမျိုးသား ၊ သိသရ အမျိုးသား ၊ တာမ အမျိုးသား၊ 
နေဇိ အမျိုးသား ၊ ဟတိဖ အမျိုးသား တည်း။ 
ရှောလမုန် ၏ အစေခံ ကျွန်၊ သောတဲ အမျိုးသား ၊ သောဖရက် အမျိုးသား ၊ ပေရိဒ အမျိုးသား 
ယာလ အမျိုးသား ၊ ဒါကုန် အမျိုးသား ၊ ဂိဒ္ဒေလ အမျိုးသား၊ 
ရှေဖတိ အမျိုးသား ၊ ဟတ္တိလ အမျိုးသား ၊ ပေါခရက် အမျိုးသား ၊ ဇေဗိမ်အမျိုးသား၊ အာမုန် အမျိုးသား တည်း။ 
ဘုရား ကျွန်နှင့် ရှောလမုန် ၏ ကျွန် ပေါင်း ကား၊ သုံး ရာ ကိုး ဆယ်နှစ် ယောက်တည်း။ 
ထိုမှတပါး၊ ဣသရေလ အမျိုးမှန် သည် မမှန် သည်ကို၎င်း၊ မိမိ တို့အဆွေ အမျိုးကို၎င်းမ ပြ နိုင် ဘဲ တေလမေလ မြို့၊ တေလဟာရရှ မြို့၊ ခေရုပ် မြို့၊ အဒ္ဒုန် မြို့၊ ဣမေရ မြို့မှ ထွက်သွား သော သူဟူမူကား ၊ 
ဒေလာယ အမျိုးသား ၊ တောဘိ အမျိုးသား ၊ နေကောဒ အမျိုးသား ၊ ပေါင်းခြောက် ရာ လေး ဆယ်နှစ် ယောက်တည်း။ 
ယဇ်ပုရောဟိတ် အမျိုးထဲက ဟဗာယ အမျိုးသား ၊ ကောဇ အမျိုးသား ၊ ဂိလဒ် ပြည်သား၊ ဗာဇိလဲ သမီး တယောက်နှင့် စုံဘက် ၍ ယောက္ခမအမည် ကို ရသောဗာဇိလဲ အမျိုးသား တို့သည်၊ 
စာရင်း ဝင်သောလူစုတွင် မိမိ တို့စာရင်း ကိုရှာ ၍ မ တွေ့ သောကြောင့် ၊ အမျိုး မစစ်၊ ယဇ် ပုရောဟိတ်အရာကို မခံရကြ။ 
ဥရိမ် နှင့် သုမိမ် ပါသောယဇ်ပုရောဟိတ် မပေါ် မှီ တိုင်အောင် သူတို့သည် အလွန်သန့်ရှင်း သောအရာတို့ကို မ စား ရဟု ပြည်အုပ် မင်းစီရင် ၏။ 
ပရိသတ် ပေါင်း ကား၊ လေး သောင်း နှစ် ထောင်သုံး ရာ ခြောက် ဆယ်တည်း။ 
ထို မှတပါး၊ ကျွန် ယောက်ျား၊ ကျွန် မိန်းမပေါင်း ခုနစ် ထောင် သုံး ရာ သုံး ဆယ်ခုနစ် ယောက်၊ သီချင်း သည် ယောက်ျား မိန်းမ ပေါင်းနှစ် ရာလေး ဆယ်ငါး ယောက်၊ 
မြင်းပေါင်းခုနစ်ရာသုံးဆယ်ခြောက်စီး၊ လား ပေါင်းနှစ်ရာလေးဆယ်ငါးစီး၊ 
ကုလားအုပ် ပေါင်း လေး ရာ သုံး ဆယ်ငါး စီး၊ မြည်း ပေါင်း ခြောက် ထောင် ခုနစ် ရာ နှစ် ဆယ်တည်း။ 
အဆွေအမျိုးသူကြီး အချို့ တို့သည် အမှု တော်ကို ဆောင်ရွက်စရာ လှူ ကြ၏။ ပြည်အုပ် မင်းသည်လည်း ရွှေ ဒင်္ဂါး တ ထောင်၊ အင်တုံ ငါး ဆယ်၊ ယဇ်ပုရောဟိတ် အဝတ် စုံ ငါး ရာ သုံး ဆယ်ကို ဘဏ္ဍာ တော်ထဲ သို့ သွင်း လေ ၏။ 
အဆွေအမျိုးသူကြီး သွင်း သော ရွှေငွေပေါင်းကား၊ ရွှေ ဒင်္ဂါး နှစ် သောင်း ၊ ငွေ အခွက် နှစ်သောင်းနှစ်ထောင်တည်း။ 
ကြွင်း သောသူ တို့ သည်လည်း ရွှေ ဒင်္ဂါး နှစ် သောင်း ၊ ငွေ အခွက် နှစ်သောင်း၊ ယဇ်ပုရောဟိတ် အဝတ် စုံခြောက် ဆယ်ခုနစ် စုံကို သွင်း ကြ၏။ 
ထိုသို့ ယဇ်ပုရောဟိတ် ၊ လေဝိ သား၊ တံခါး စောင့်၊ သီချင်း သည်၊ သာမညလူ အချို့၊ ဘုရား ကျွန်အစရှိသော ဣသရေလ ပြည်သူပြည်သားအပေါင်း တို့သည်၊ မိမိ တို့ နေရာ မြို့ ရွာတို့၌ နေရာ ကျကြ၏။ 
