﻿နေဟမိမှတ်စာ.
10.
တံဆိပ် ခတ်သောသူဟူမူကား ၊ ဟာခလိ သား ပြည်အုပ် မင်း နေဟမိ ၊ ယဇ်ပုရောဟိတ် ဇိဒကိယ၊ 
စရာယ ၊ အာဇရိ ၊ ယေရမိ၊ 
ပါရှုရ ၊ အာမရိ ၊ မာလခိယ၊ 
ဟတ္တုတ် ၊ ရှေဗနိ ၊ မလ္လုတ်၊ 
ဟာရိမ် ၊ မေရမုတ် ၊ ဩဗဒိ၊ 
ဒံယေလ ၊ ဂိန္နေသုန် ၊ ဗာရုတ်၊ 
မေရှုလံ ၊ အဘိယ ၊ မိယာမိန်၊ 
မာဇိ ၊ ဗိလဂဲ ၊ ရှေမာယ၊ 
လေဝိ သားအာဇနိ သား ယောရှု တပါး၊ ဟေနဒဒ် သား ဗိနွိ တပါး၊ ကပ်မျေလ တပါး၊ 
သူ တို့ညီ ရှေဗနိ ၊ ဟောဒိယ ၊ ကေလိတ ၊ ပေလာယ ၊ ဟာနန်၊ 
မိက္ခါ ၊ ရေဟုပ် ၊ ဟာရှဘိ၊ 
ဇက္ကုရ ၊ ရှေရဘိ ၊ ရှေဗနိ၊ 
ဟောဒိယ ၊ ဗာနိ ၊ ဗေနိနု၊ 
လူ တို့တွင် အကြီး အကဲဖြစ်သော ပါရုတ် ၊ ပါဟတ်မောဘ ၊ ဧလံ ၊ ဇဿု ၊ ဗာနိ၊ 
ဗုန္နိ ၊ အာဇဂဒ် ၊ ဗေဗဲ၊ 
အဒေါနိယ ၊ ဗိဂဝဲ ၊ အာဒိန်၊ 
အာတာ ၊ ဟိဇကိယ ၊ အဇ္ဇုရ၊ 
ဟောဒိယ ၊ ဟရှုံ ၊ ဗေဇဲ၊ 
ဟာရိပ် ၊ အာနသုတ် ၊ နေဗဲ၊ 
မာဂပျာရှ ၊ မေရှုလံ ၊ ဟေဇိရ၊ 
မေရှဇဗေလ ၊ ဇာဒုတ် ၊ ယာဒွါ၊ 
ပေလတိ ၊ ဟာနန် ၊ အနာယ၊ 
ဟောရှေ ၊ ဟာနနိ ၊ ဟာရှုပ်၊ 
ဟာလောဟက်၊ ပိလဟ ၊ ရှောဗက်၊ 
ရေဟုံ ၊ ဟာရှဗန ၊ မာသေယ၊ 
အဟိယ ၊ ဟာနန် ၊ အာနန်၊ 
မလ္လုတ် ၊ ဟာရိမ် ၊ ဗာနာ တည်း။ 
ကြွင်း သောသူ ၊ ယဇ်ပုရောဟိတ် ၊ လေဝိ သား၊ တံခါး စောင့်၊ သီချင်း သည်၊ ဘုရား ကျွန် အစရှိသော ဘုရား သခင်၏ တရား ကို စောင့်အံ့သောငှါ၊ ထိုပြည်သား တို့နှင့် ကွာ သော သူအပေါင်း တို့သည် မယား သား သမီး တို့နှင့်တကွ အကျိုးအကြောင်းကို နားလည် သောသူဖြစ်၍၊ 
ညီအစ်ကို မှူးမတ် တို့၌ မှီဝဲ လျက်၊ ဘုရား သခင်၏ ကျွန် မောရှေ အားဖြင့် ထား တော်မူသော ဘုရား သခင်၏ တရား တော်အတိုင်း ကျင့် ပါမည်ဟူ၍၎င်း၊ ငါ တို့အရှင် ထာဝရဘုရား ၏ ပညတ် တော်များ၊ စီရင် ထုံးဖွဲ့ တော်မူချက်ရှိသမျှ တို့ကို စောင့်ရှောက် ပါမည်ဟူ၍၎င်း ၊ 
ကိုယ် သမီး တို့ကို ပြည်သား တို့အား မ ပေးစား ၊ ပြည်သား သမီး တို့ကို ကိုယ် သား တို့အဘို့ မ သိမ်း မယူဘဲနေပါမည်ဟူ၍၎င်း ၊ 
ပြည်သား တို့သည် ဥပုသ် နေ့ ၌ ဥစ္စာ ၊ စားစရာ ကိုရောင်း ခြင်းငှါ ယူ ခဲ့လျှင်၊ ဥပုသ် နေ့ဖြစ်စေ ၊ အခြား သော ဓမ္မ နေ့ဖြစ်စေမ ဝယ် ၊ သတ္တမ နှစ် တွင် လယ်လုပ်ခြင်းအမှုကိုမ ပြု၊ ကြွေး ကိုအနိုင်မတောင်းဘဲနေပါ မည်ဟူ၍၎င်း၊ ကျိန်ဆို လျက် သစ္စာ ဂတိထားကြ၏။ 
- 
ထို မှတပါး၊ ငါ တို့ဘုရား သခင်၏ အိမ် တော်အမှု တည်းဟူသောဥပုသ် နေ့နှင့် လဆန်း နေ့တွင် ရှေ့တော် မုန့် ၊ မြဲ သောဘောဇဉ်ပူဇော်သက္ကာ ၊ မြဲ သောမီးရှို့ရာယဇ် ၊ ဓမ္မပွဲ ၊ သန့်ရှင်း သောအသုံးအဆောင်၊ ဣသရေလ အမျိုး၏အပြစ်ဖြေရာယဇ် အစရှိသော ငါ တို့၏ဘုရားသခင် အိမ် တော်အမှု အလုံးစုံ ကိုဆောင်ရွက်စရာဘို့၊ လူတိုင်းတနှစ် လျှင်ငွေတကျပ် သုံး စုတစုစီပေး ရမည်အကြောင်းကိုယ် အဘို့စီရင်ထုံးဖွဲ့ ကြ၏။ 
ပညတ္တိ ကျမ်းစာ၌ ရေး ထားသည်အတိုင်း ၊ ငါ တို့ဘုရား သခင်ထာဝရဘုရား ၏ ယဇ် ပလ္လင်ပေါ် မှာ မီး မွေးစရာထင်း ပူဇော် သက္ကာကို ၊ တနှစ် တနှစ် လျှင် ချိန်းချက် သော အချိန် တို့၌ ၊ အဆွေ အမျိုးအလိုက် ငါ တို့ ဘုရား သခင်၏ အိမ် တော်သို့ ဆောင် ခဲ့ရမည် အကြောင်း ၊ ယဇ်ပုရောဟိတ် လေဝိ သားပြည်သူ ပြည်သားတို့သည် စာရေးတံ ပြုကြ၏။ 
အဦး သီးသော မြေ အသီး အနှံနှင့် အဦးသီးသော သစ် သီး အမျိုးမျိုး ကို ဗိမာန် တော်သို့ နှစ် တိုင်း ဆောင် ခဲ့ရမည်အကြောင်း၊ 
ပညတ္တိ ကျမ်းစာ၌ ရေး ထားသည်အတိုင်း ၊ အဦး ဘွားသော သား ယောက်ျားနှင့် အဦး ဘွားသော သိုး နွား အစရှိသည်တို့ကို၊ ဗိမာန် တော်၌ အမှု စောင့်သော ယဇ် ပုရောဟိတ် တို့ရှိရာ ဗိမာန် တော်သို့ ဆောင် ခဲ့ရမည် အကြောင်း၊ 
အဦး လုပ်သော မုန့်စိမ်း ၊ ပူဇော် သက္ကာ၊ သစ် သီး အမျိုးမျိုး ၊ စပျစ်ရည် ၊ ဆီ ကိုယဇ်ပုရောဟိတ် တို့ရှိရာ ဗိမာန် တော် အခန်း သို့ ၎င်း၊ လယ်လုပ် သော မြို့ ရွာရှိသမျှ တို့၌ မြေ အသီးအနှံဆယ် ဘို့တဘို့ကို လေဝိ သားတို့ထံ သို့၎င်း၊ ဆောင် ခဲ့ရမည်အကြောင်းစီရင်ထုံးဖွဲ့ကြ၏။ 
လေဝိ သားတို့သည် ဆယ် ဘို့တဘို့ကို ခံယူသောအခါ ၊ အာရုန် အမျိုး ယဇ်ပုရောဟိတ် ရှိ ရမည်။ လေဝိ သား တို့သည်လည်း ဆယ် ဘို့တဘို့ထဲက ဆယ် ဘို့တဘို့ကို နှုတ် ယူ၍ ဗိမာန် တော်အခန်း ဘဏ္ဍာ တိုက်ထဲ သို့ သွင်းရကြမည်။ 
လေဝိ သားအစရှိသော ဣသရေလ အမျိုးသား တို့သည် ဆန် စပါး၊ စပျစ်ရည် ၊ ဆီ ပူဇော် သက္ကာတို့ကို သန့်ရှင်း ရာဌာနတော်တန်ဆာ ၊ အမှု စောင့်ယဇ်ပုရောဟိတ် ၊ တံခါး စောင့်၊ သီချင်း သည်တို့ရှိရာ အခန်း သို့ ဆောင် ခဲ့ရကြမည်။ ငါ တို့ ဘုရား သခင်၏ အိမ် တော်ကို ငါတို့သည် စွန့်ပစ် ၍ မ ထားရကြ။ 
