﻿ယောဘဝတ္တု။.
18.
တဖန် ရှုအာ အမျိုးသားဗိလဒဒ် မြွက်ဆို သည် ကား၊ 
ဤစကား သည် အဘယ် အခါမှ ပြတ် လိမ့်မည်နည်း။ သတိပြု ကြ။ သို့မှသာ ငါတို့သည် စကား ပြောကြ မည်။ 
သင်သည်ငါတို့ကို တိရစ္ဆာန် ကဲ့သို့ အဘယ်ကြောင့် မှတ် သနည်း။ အဘယ်ကြောင့်မထီမဲ့မြင်ပြု သနည်း။ 
အမျက် ထွက်၍ မိမိ ကိုယ်ကို ကိုက် ဖြတ်သောသူ၊ သင့် အတွက် မြေကြီး ကိုစွန့်ပစ် ရမည်လော။ ကျောက် သည် မိမိ နေရာ မှ ရွေ့ ရမည်လော။ 
အကယ်စင်စစ်ဆိုး သောသူ၏ အလင်း သည် ကွယ် လိမ့်မည်။ သူ ၏မီး လျှံ မ တောက် ရ။ 
သူ ၏နေရာ အလင်း လည်း မှောင်မိုက် ဖြစ်လိမ့်မည်။ သူ ၏ဆီမီး လည်း သေ လိမ့်မည်။ 
ခိုင်ခံ့ စွာသွားသောအခါ ကျဉ်းမြောင်း ရာသို့ ရောက်လိမ့်မည်။ မိမိ အကြံ အစည်အားဖြင့်ရှုံး ရလိမ့်မည်။ 
ပိုက် ထဲသို့ အလိုလိုဝင်တတ်၏။ ကျော့ကွင်း ပေါ် မှာ နင်း တတ်၏။ 
ဂိုင်းပြုတ်၍ ခြေ ကို မိ သဖြင့် ကျော့ကွင်း နှင့် မ ကျွတ်နိုင်ဘဲ နေရ၏။ 
မြေ ၌ ဂျမ်းကြိုး ကို သူ့အဘို့ ဝှက်ထား လျက်၊ သူသွားရာလမ်း ၌ ထောင်ချောက် ကို ပြင်လျက်ရှိ၏။ 
ကြောက်မက် ဘွယ်သော အခြင်းအရာတို့သည် ဝိုင်း ၍ ကျပ်တည်းစွာ လိုက် နှင့်ကြလိမ့်မည်။ 
သူသည် ငတ်မွတ် သောအားဖြင့် အားလျော့လျက်၊ ပျက်စီး ခြင်း ဘေးနှင့် တွေ့လုလျက်ရှိ၏။ 
ထိုဘေးသည် သူ ၏အရိုးတို့ကို ကိုက် ခဲ၍၊ သေမင်း ၏သား ဦးသည် သူ ၏ခွန်အား ကို မျို လိမ့်မည်။ 
သူ ခိုလှုံ ရာအကြောင်းကို သူ ၏နေရာ မှ ပယ်ရှင်း ၍၊ သူ့ကိုယ်ကို ဘေးဒဏ် တို့၏ ရှင် ဘုရင်ထံသို့ ဆောင် သွား ရ၏။ 
သူ ၏နေရာ ၌ အရှင်မ ရှိ။ ပျက်စီးခြင်းဘေးနေ၍ အမိုးပေါ် မှာ ကန့် ဖြူးလျက်ရှိလိမ့်မည်။ 
သူ ၏အမြစ် တို့သည် သွေ့ ခြောက်လျက် ၊ အခက် အလက်တို့လည်း သေလျက်ရှိကြလိမ့်မည်။ 
မြေ ပေါ် မှာသူ့ ကို အောက်မေ့ စရာအမှတ် ပျောက်ပျက် ၍၊ ပွဲသဘင်၌ သူ ၏နာမ ကို အဘယ်သူမျှမ ခေါ်မပြော။ 
သူ့ ကိုအလင်း ထဲက မှောင်မိုက် ထဲသို့ မောင်း ၍ လူ့ ပြည်မှ နှင်ထုတ်ရ၏။ 
သူ့ အမျိုး တွင် သူ့ သား မြေး မ ရှိ။ သူ၏အိမ်သူအိမ်သားတယောက်မျှ မ ကျန်ရစ် ရ။ 
သူ ၏လက်ထက် ၌ ရှိသောသူတို့ သည် ထိတ်လန့် သကဲ့သို့၊ သူ့နောက် ၌ဖြစ်သောသူတို့ သည် သူ၏အမှု ကြောင့် မိန်းမော တွေဝေကြလိမ့်မည်။ 
အကယ် စင်စစ်ဆိုး သောသူ ၏နေရာ သည် ထိုသို့ သော လက္ခဏာရှိ၏။ ဘုရား သခင်ကိုမ သိ သောသူသည် ထိုသို့ သော နေရာ သို့ ရောက်လိမ့်မည်ဟု မြွက်ဆို၏။ 
