﻿၁ သက်သာလောနိ.
5.
ညီအစ်ကို တို့၊ ကပ်ကာလ အချိန် များကို သင်တို့အား ရေး ၍ ပေးလိုက်စရာအကြောင်း မ ရှိ။ 
အဘယ်ကြောင့် နည်းဟူမူကား၊ သူခိုး သည် ညဉ့် အခါလာသကဲ့သို့ ၊ သခင် ဘုရား၏ နေ့ရက် သည် လာ လိမ့်မည်ကို သင်တို့သည် သေချာ စွာသိ ကြ၏။ 
ငြိမ်ဝပ် ခြင်းရှိ၏၊ ဘေးအန္တရာယ်နှင့် ကင်းလွတ်၏ဟု ဆိုစဉ်တွင်၊ ကိုယ်ဝန်ဆောင် သော မိန်းမ၌ သားဘွား ခြင်းဝေဒနာ ရောက် သကဲ့သို့ ၊ သူ တို့အပေါ်၌ လျင်မြန် စွာသော ပျက်စီး ခြင်းရောက် ၍ လွတ် ခြင်းအခွင့် မ ရှိရကြ။ 
သို့သော်လည်း ၊ ညီအစ်ကို တို့၊ ထို နေ့ရက် သည် သူခိုး ကဲ့သို့ သင် တို့အပေါ်သို့ရောက်လာ မည် အကြောင်း၊ သင်တို့သည် မှောင်မိုက် ၌ နေ ကြသည်မ ဟုတ်။ 
သင် တို့အပေါင်း သည် အလင်း ၏သား ၊ နေ့ ၏သား ဖြစ် ကြ၏။ ညဉ့် ၏သား ၊ မှောင်မိုက် ၏သားမ ဟုတ်။ 
သို့ဖြစ်၍ ၊ အခြား သော သူ တို့သည် အိပ်ပျော်သကဲ့သို့ ၊ ငါတို့သည် အိပ် မ ပျော်ဘဲ သမ္မာ သတိရှိ၍ စောင့် ကြကုန်အံ့။ 
အကြောင်းမူကား ၊ အိပ်ပျော် သော သူ တို့သည် ညဉ့် အခါ အိပ်ပျော် တတ်ကြ၏။ သေရည်သေရက်နှင့် ယစ်မူး သော သူ တို့သည်လည်း ညဉ့် အခါ ယစ်မူး တတ်ကြ၏။ 
နေ့ ၏သားဖြစ် သော ငါ တို့မူကား ၊ သမ္မာ သတိရှိကြကုန်အံ့။ ယုံကြည် ခြင်း၊ ချစ် ခြင်းတည်းဟူသောရင်အုပ် တန်ဆာကို၎င်း ၊ ကယ်တင် ခြင်းသို့ ရောက်မည်ဟု မြော်လင့် ခြင်းတည်းဟူသောသံ ခမောက်လုံးကို၎င်း ၊ ဝတ်ဆောင် ကြကုန်အံ့။ 
အမျက် တော်ကိုခံစေခြင်းငှာ ဘုရားသခင် သည် ငါ တို့ကို ခန့်ထား တော်မူသည်မ ဟုတ်။ ငါ တို့သခင် ယေရှု ခရစ် အားဖြင့် ကယ်တင် ခြင်းကို ပိုင်ရ စေခြင်းငှာ ခန့်ထားတော်မူ၏။ 
ငါတို့သည် နိုး လျက်ရှိသည်ဖြစ်စေ ၊ အိပ်ပျော် သည်ဖြစ်စေ ၊ ထိုသခင် နှင့်အတူ အသက် ရှင်မည် အကြောင်း ၊ ငါ တို့အဘို့ အသေခံ တော်မူပြီ။ 
ထိုကြောင့် ၊ သင်တို့သည်ယခုပင်ပြု သည်နည်းတူ ၊ အချင်းချင်း တိုက်တွန်း ၍ တစ်ယောက် ကိုတစ်ယောက် တည်ဆောက် ကြလော့။ 
ထိုမှတစ်ပါး၊ ညီအစ်ကို တို့၊ သင် တို့တွင် အမှုတော်ကိုဆောင်ရွက် ခြင်း၊ သခင် ဘုရား၊ အခွင့်နှင့် အုပ်စိုး ခြင်း၊ သတိပေး ခြင်း အမှုကိုပြုသောသူ တို့ကို သိမှတ် ၍၊ 
သူ တို့ပြုသောအမှု ကြောင့် မေတ္တာ စိတ်နှင့် အလွန် ချစ်ခင်လေးမြတ် မည်အကြောင်း၊ ငါတို့သည် တောင်းပန် ကြ၏။ အချင်းချင်း အသင့်အတင့် နေကြလော့။ 
တဖန်တုံ၊ ညီအစ်ကို တို့၊ မတရား စွာပြုသောသူ တို့ကို သတိပေး ကြလော့။ စိတ် ငယ်သောသူ တို့ကို အားပေး ကြလော့။ အားနည်း သော သူ တို့ကို ထောက်မ ကြလော့။ ခပ်သိမ်း သောသူတို့အား ရှည် သောစိတ်ရှိ စေကြလော့။ 
သူတစ်ပါး ၌အဘယ်သူ မျှရန်တုံ့ မ မူစေခြင်းငှာ သတိပြု ၍၊ အချင်းချင်း တို့၌ ၎င်း၊ ခပ်သိမ်း သောသူတို့၌ ၎င်း၊ ကာလအစဉ် ကြိုးစား ၍ ကျေးဇူး ပြုကြလော့။ 
အစဉ်မပြတ် ဝမ်းမြောက် ခြင်းရှိကြလော့။ 
မခြားမလပ် ဆုတောင်း ပဌနာပြုကြလော့။ 
အရာရာ ၌ ကျေးဇူး တော်ကို ချီးမွမ်းကြလော့။ အကြောင်းမူကား ၊ သင် တို့သည် ထိုသို့ ကျင့်စေခြင်းငှာ၊ ယေရှု ခရစ် ၌ ဘုရားသခင် အလို တော်ရှိ၏။ 
ဝိညာဉ် တော်၏အရှိန်ကို မ ငြိမ်း စေကြနှင့် ။ 
ပရောဖက် ပြုခြင်းကို မထီမဲ့မြင် မ မှတ်ကြနှင့် ။ 
ခပ်သိမ်း သော အရာကိုစုံစမ်း ၍ ၊ ကောင်း သော အရာကို အမြဲ ကိုင်စွဲကြလော့ ။ 
မကောင်း သောအမှုအမျိုးမျိုးရှိသမျှ ကို ရှောင် ကြလော့။ 
ငြိမ်သက် ခြင်း၏အရှင်ဘုရားသခင် ကိုယ်တော် တိုင်လည်း၊ သင် တို့ကို အကုန်အစင် သန့်ရှင်း စေတော်မူပါစေသော။ ငါ တို့ သခင် ယေရှု ခရစ် ကြွလာ တော်မူသောအခါ ၊ သင် တို့၏ ကိုယ်ခန္ဓါ ၊ စိတ် ၊ ဝိညာဉ် အပေါင်း အပြစ်တင် ခွင့်နှင့် ကင်းလွတ်စေခြင်းငှာစောင့်မ တော်မူပါစေသော။ 
သင် တို့ကိုခေါ် တော်မူသောသူ သည်သစ္စာ နှင့် ပြည့်စုံသည် ဖြစ်၍၊ ထိုသို့ပြု တော်မူလိမ့်မည်။ 
ညီအစ်ကို တို့၊ ငါ တို့အဘို့ ဆုတောင်း ကြလော့။ 
ညီအစ်ကို အပေါင်း တို့ကို သန့်ရှင်း သောနမ်း ခြင်းနှင့် နှုတ်ဆက် ကြလော့။ 
ဤ စာ ကို သန့်ရှင်းသော ညီအစ်ကို အပေါင်း တို့အား ဘတ် စေခြင်းငှာ၊ သခင် ဘုရားကို တိုင်တည် ၍ ငါသည် သင် တို့ကို အဓိဋ္ဌာန် သစ္စာပေး၏။ 
ငါ တို့သခင် ယေရှု ခရစ် ၏ ကျေးဇူး တော်သည် သင် တို့၌ ရှိစေသတည်း။ အာမင်။ 
